MCC

ဝမ်းနည်းကြောင်း သဝဏ်လွှာ

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ တစ်လုံးတစ်ဝတည်းဖြစ်ရေး အမှုတော်မြတ်၌ ဆက်ကပ် အစေခံလျှက် အမှုတော်ဆောင်ခဲ့ကြသော ဆရာစောဂျော့ရှေ (အမှုဆောင် အတွင်းရေးမှူး ၊ ဝန်ထမ်းခြင်း နှင့် ဖွံ့ဖြိုးရေးဌာန)၊ ဆရာစောဖဲတု (တာဝန်ခံ၊ ပစ္စည်းပြုပြင် ထိန်းသိမ်းရေးဌာန) တို့သည် ယနေ့ ခေါ်တော်မူခြင်း ခံရသည်ဟု ကြားသိရပါသောကြောင့် အထူး ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။
သို့ပါ၍ ဝမ်းနည်းကြေကွဲလျက်ရှိသော ကျန်ရစ်သူ မိသားစုတို့အား အသက်သခင် ဘုရားသခင်သည် လူတို့ကြံစည်၍ မမှီနိုင်သော ငြိမ်သက်ခြင်းနှင့် နှစ်သိမ့်ခြင်း ကောင်းကြီး မင်္ဂလာကြွယ်ဝစွာ သွန်းလောင်းချပေးတော်မူပါစေဟု မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များ ကောင်စီမှ ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

ကြေကွဲဝမ်းနည်းစွာဖြင့်။
တစ်လုံးတစ်ဝတည်း အမှုတော်မြတ်၌။

သိက္ခာတော်ရဆရာမန်းပါမာစတန်
အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ

Close menu